အလင်းခေတ် မဂ္ဂဇင်း – အတွဲ (၁) အမှတ် (၁)

฿200.00

စာမျက်နှာ− ၉၄

Description

အလင်းခေတ်မဂ္ဂဇင်းအား တော်လှန်ရေးမဂ္ဂဇင်း ဖြစ်သည်နှင့်အညီ အာဏာရှင်အားဆန့်ကျင်တော်လှန်ရေးအပြင် မြန်မာ့လူ့အဖွဲ့အစည်းတွင် ကျပ်ခိုးစွဲသလို စွဲကပ်နေသော အယူအဆဆိုးများနှင့် စနစ်ဆိုးများကိုလည်း တော်လှန်ချေဖျက်ပစ်ရန်အတွက်ရည်ရွယ်ကာ ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ ဤမဂ္ဂဇင်းတွင် (၁) လူ့အဖွဲ့အစည်းသစ်အတွက်စဉ်းစားချက်များ (၂) ပြည်သူများ၏ အခန်းကဏ္ဍ (၃) အလယ်အလတ်လမ်းစဉ်ဟူသော အဓိကအာဘော်သုံးရပ်အား မဏ္ဍိုင်ထားကာ လွတ်လပ်မျှတသောအနာဂတ်သစ်ကို ပုံဖော်ထုဆစ်ထားသည်။

“အလင်းခေတ်”သည် တော်လှန်ရေးဆိုင်ရာစာပေများအား တင်ပြထားသည်ဆိုသော်ငြားလည်း မဂ္ဂဇင်းတို့၏ အင်္ဂါရပ်နှင့်အညီ ကဗျာ၊ အက်ဆေး၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာပြန်၊ အင်တာဗျူး စသဖြင့် သုတ၊ရသစုံလင်စွာဖြင့် အလေးအပေါ့ဟန်ချက်ညီညီ ပေါင်းစည်းတင်ပြထားခြင်းဖြစ်သည်။ အလင်းခတ်မဂ္ဂဇင်းကို ဖတ်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားလျှက်ရှိသော နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးပဋိပက္ခများ၏ မူလဇစ်မြစ်ကို နက်နက်ရှိုင်းရှိုင်းသိမြင်နားလည်နိုင်မည်ဖြစ်သည့်အပြင် ၎င်းပဋိပက္ခများအား ကုစားရန်အတွက် အပြုတ်တိုက်လမ်းစဉ်ကဲ့သို့ လူနည်းစုသာပါဝင်နိုင်သော ထွက်ပေါက်မဲ့တလမ်းသွားဆေးမြီးတိုကုထုံးများအစား ပြည်သူလူထုတရပ်လုံးပါဝင်နိုင်သည့် အောက်ခြေမှစ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ နည်းလမ်းများကို လက်တွေ့အသုံးချနိုင်မည်ဖြစ်သည်။

Reviews

There are no reviews yet.

Be the first to review “အလင်းခေတ် မဂ္ဂဇင်း – အတွဲ (၁) အမှတ် (၁)”

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်