အကြမ်းမဖက်တော်လှန်ရေး လှုပ်ရှားမှုဆိုင်ရာ "သိလိုရာမေး"

Freedom Fighter Myanmar အဖွဲ့သည် အကြမ်းမဖက်လမ်းစဉ်နှင့် အာဏာရှင်စနစ်ကိုတော်လှန်နေခြင်းဖြစ်သည့်အားလျှော်စွာ အာဏာရှင်စနစ်ဆိုးကိုဆန့်ကျင်လိုသူတိုင်း တော်လှန်သူများဖြစ်လာစေရန်အတွက် အကြမ်းမဖက်အယူအဆများ၊ နည်းနာနိဿယများစွာကို လူထုအကြားဖြန့်ဝေပေးလျှက်ရှိပါသည်။ ယခုလည်းအကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာအယူအဆများ အားကောင်းလာစေရန်အလို့ငှာ ယင်းနှင့်ပတ်သတ်၍ ဝိဝါဒကွဲပြားနေမှုများ၊ ချိတုံချတုံဖြစ်နေမှုများ၊ အဖြေရှာလိုသည်များကို ကောင်းစွာသိရှိနားလည်စေရန်အတွက် သိလိုရာမေးကဏ္ဍကို စတင်ခဲ့ပါသည်။

Time to rethink CDM-Burmese

CDM လှုပ်ရှားမှုကို ပြန်လည်ပုံဖော်ဖို့ စဉ်းစားချိန်တန်ပြီ

မကြာသေးခင်က Frontier Myanmar မှာ “It’s time to re-think the CDM” ဆိုတဲ့ဆောင်းပါးကိုရေးဖြစ်ပါတယ်။ ထိုဆောင်းပါးကို မြန်မာလိုဖတ်ရှုရ ဆီလျော်အောင် ပြန်ဆိုရေးသားလိုက်ပါတယ်။

Read More »

ပညာရေးအကျပ်အတည်း ၊ လူ့အဖွဲ့အစည်းကွဲအက်မှုနှင့် အမုန်းတရားများပျံ့နှံ့လာမှု

မကြာသေးခင်က ဆယ်တန်းအောင်စာရင်းထွက်သည့်အပေါ် အမြင်အမျိုးမျိုးနှင့်ပြောဆိုသုံးသပ်မှုများရှိနေကြသည်။ ပညာရေးသည် အခြေခံလူ့အခွင့်အရေးဖြစ်၍ ခွဲခြားဆက်ဆံခြင်းများ မပြုသင့်ဟု ထောက်ပြမှုများရှိနေစဉ်မှာပင် အခြားတစ်ဖက်၌ ကျောင်းပြန်တက်သူများကို ကဲ့ရဲ့ရှုတ်ချသည့် အမြင်များ၊ ဟားတိုက်လှောင်ပြောင်သည့် အပြုအမူများ၊ အမုန်းစကားအဖြစ် အငြင်းပွားဖွယ် အသုံးအနှုန်းများကို ဆိုရှယ်မီဒီယာထက်တွင် တွင်တွင်ကျယ်ကျယ်တွေ့မြင်နေရသည်။ ဤနေရာတွင် လူအများသည် ဆိုရှယ်မီဒီယာ၏ သဘောသဘာဝအတိုင်း တာဝန်ခံစရာမလိုဘဲ ”လွယ်လွယ်ပြော၊

Read More »

ပဇီကြီးဖြစ်ရပ်မှ ဆင်ခြင်မိသမျှ

ပဇီကြီးကျေးရွာမှာ တွေ့ကြုံရတဲ့ သေကြေပျက်စီးမှု အနိဌာရုံတွေက အွန်လိုင်းပေါ်က ကြည့်ရှုသူပင် တုန်လှုပ်ခြောက်ခြားဖို့ ကောင်းပါတယ်။ မြေပြင်မှာတွေ့ကြုံခံစားရသူတွေအတွက် ဒီဖြစ်ရပ်ဆိုးက နှစ်ပေါင်းများစွာတိုင်အောင် ခြောက်လန့်နှိပ်စက်နေမှာဖြစ်ပါတယ်။ ပြန်ပြီးဆန်းစစ်ကြည့်ရင်တော့ ဒါမျိုး အဖြစ်ဆိုးတွေက ပဇီကြီးကျေးရွာမှာမှ မဟုတ်ဘဲ မြန်မာပြည်အနှံမှာရှိနေတဲ့ ပြည်သူတွေအနေနဲ့ မလုံခြုံမှုကို နေ့စဉ်နဲ့အမျှ ထိခိုက်ခံစားနေရတာဖြစ်ပါတယ်။ ဒီလိုမျိုး  အရပ်သားထိခိုက်မှုတွေ၊ ကလေးသူငယ်ထိခိုက်မှုတွေ

Read More »

မီးပိတ်ရုံနဲ့ အပြောင်းအလဲဖြစ်နိုင်မလား

ဒီကနေ့ (အောက်တိုဘာ ၂၈ရက်) ည ၈နာရီခွဲ မှာ တော်လှန်ရေးအင်အားစုအသီးသီးက လှုံ့ဆော်စည်းရုံးနေကြတဲ့ မီးပိတ်သပိတ်ရှိပါတယ်။ ကချင်ပြည်နယ်၊ အနန့်ပါဒေသကို စစ်တပ်က ဗုံးကျဲသတ်ဖြတ်မှုကို ကန့်ကွက်ရှုပ်ချပြီး ပြည်သူတွေအားလုံး သွေးစည်းညီညွတ်မှုကို ပြသတဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။ ဒီနေရာမှာ တချို့ကလည်း လက်နက်ကိုင်တော်လှန်ရေးအားကောင်းနေချိန်မှာ ဒါမျိုး အပြလုပ်ရပ်တွေက လိုရဲ့လား။ ဒါတွေက

Read More »

ဒေါ်စုကို လုပ်ကြံကြသူများ

(ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်ဆောင်းပါး) ဒေါ်စုကို လုပ်ကြံသူများလို့ပြောလိုက်ရင် လူအများစုကတော့ စစ်တပ်ကိုပဲ ပြေးမြင်ကြပါလိမ့်မယ်။ ဒါပေမယ့် စစ်တပ်ကတော့ ဒေါ်စုကို လုပ်ကြံဖို့ မအောင်မြင်ခဲ့ပါဘူး။ ဒေါ်စုကို လှောင်အိမ်ထဲထည့်ဖို့ ကြိုးစားတိုင်း ပြည်သူတွေရဲ့ ရင်ထဲမှာ ဒေါ်စုကပိုပြီးရှင်သန်အားကောင်းလာလို့ပါပဲ။ ဒါပေမယ့် ဒေါ်စုကို အောင်အောင်မြင်မြင်လုပ်ကြံခဲ့သူများကတော့ ရှိပါတယ်။

Read More »

ဝင်ငွေမရှိ မဆိုသလောက်ထောက်ပံ့မှု နှင့် ခက်ခဲတဲ့ရွေးချယ်မှုများကြားက CDMဝန်ထမ်းများ

( Frontier Myanmar တွင် ၂၀၂၁ ဇွန်လ ၁ရက်နေ့က တင်ခဲ့သော ဆောင်းပါးကို ဘာသာပြန်ဆိုပြီး တင်ဆက်ခြင်းဖြစ်ပါသည်။ ဘာသာပြန်ဆိုမှု တစုံတရာလိုအပ်ချက်ရှိပါက ဘာသာပြန်ဆိုသူ၏ လိုအပ်ချက်သာ ဖြစ်ပါသည်။) “သပိတ်မှောက်ပြည်သူ့ဝန်ထမ်း အနည်းအကျဉ်းသာ အလုပ်သို့ပြန်လည်ဝင်ရောက်ကြသော်လည်း ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ဝန်ထမ်းများဟာ ခြိမ်းခြောက်မှုတွေ၊ ဥပဒေကြောင်းအရ အကြပ်ကိုင်မှုတွေ ၊ အထောက်အပံ့မရရှိမှုတွေကြောင့်

Read More »

NUCC သွေးအေးသွားပြီလား

ဒီကနေ့ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကနေ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံဆွေးနွေးလိုကြောင်း ပြောပါတယ်။ ဒါက စစ်တပ်အနေနဲ့ ဘေးကြပ်နံကြပ်ဖြစ်တဲ့အခါ သုံးနေကြ အကွက်ဟောင်းဖြစ်တယ်ဆိုတာကို သာမာန်ပြည်သူများပင် သိကြပြီးဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ အနေနဲ့ကတော့ တန်းတူညီရေးအတွက် တိုက်ပွဲဝင်လာတဲ့ နှစ်ဆယ်စုနှစ်များအတွင်း စစ်အုပ်စုရဲ့ အလိမ်အညာသွေးခွဲလှည့်ဖြားမှုတွေကို ကြိမ်ဖန်များစွာ တွေ့ကြုံဖူးပြီး ဖြစ်တာကြောင့် စစ်တပ်ရဲ့ ဒီလိုရွေ့ကွက်တွေက

Read More »

တာဝန်ယူမှု တာဝန်ခံမှု ပျောက်ဆုံးနေသော CDM လှုပ်ရှားမှု ဦးဆောင်စည်းရုံးသူများ

ပြီးခဲ့တဲ့နှစ်အခုလိုအချိန်မျိုးမှာ နိုင်ငံတစ်ဝှမ်းလုံးရဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု အင်အားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ဒီလို CDM လှုပ်ရှားမှုက အခုချိန်မှာတော့ ခေါင်းဆောင်တွေနဲ့ ပြည်သူအများကြားထဲ မေ့ထားချင်တဲ့ စကားလုံးဖြစ်သွားခဲ့ပါပြီ။ CDM လှုပ်ရှားမှုက အဆုံးတိုင်အောင်မြင်မှုကို မရောက်သည့်တိုင်အောင် လက်ရှိတော်လှန်ရေးအခြေအနေကို အဓိကဖော်ဆောင်ပေးခဲ့တာဖြစ်ပါသည်။ သို့ရာတွင် CDM လှုပ်ရှားမှုတွင် ပါဝင်သူများ၏ ပေးဆပ်မှုနှင့် ထိုက်တန်သည့် ရလဒ်

Read More »

ဝမ်းနည်းပြီးရင် ဘာဆက်လုပ်ကြမလဲ

လူထုလှုပ်ရှားမှုတွေ၊ သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းခံရတဲ့အခါ၊ အပြစ်မဲ့ပြည်သူတွေသတ်ဖြတ်ခံရတဲ့အခါ မခံမရပ်နိုင်အောင် ခံပြင်းဝမ်းနည်းကြရပါတယ်။ ဒါပေမယ့် စိတ်ခံစားချက်သက်သက်သာမကပဲ တော်လှန်ရေးအတွက် ဘာဆက်လုပ်ကြမလဲဆိုတာကို တခါတည်းစဉ်းစားနိုင်ဖို့အတွက် နည်းလမ်းများကို အကြံပြုလိုပါတယ်။

Read More »

မေးခွန်းမေးရန်