Freedom Fighter အဖွဲ့၏လမ်းစဉ်နှင့် ဗျူဟာတို့ကို နှစ်သက်ပါက ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခြင်း၊ အခြားသူများအား မျှဝေခြင်း၊ လှုပ်ရှားမှုများတွင်ပါဝင်ထောက်ပံ့ခြင်း စသဖြင့် သင့်တော်ရာပုံစံအမျိုးမျိုးဖြင့် ပါဝင်နိုင်ပါသည်။

လှုပ်ရှားမှုများတွင်ပါဝင်ခြင်း

FFM ပုံမှန်စီစဉ်ကျင်းပလျက်ရှိသော လေးမျက်နှာစကားဝိုင်းတွင် တက်ရောက်နားထောင်ဆွေးနွေးခြင်း၊ သင်တန်းနှင့် workshop များကိုတက်ရောက်ခြင်း၊ အလင်းခေတ်မဂ္ဂဇင်းတွင်ရေးသား/ဖတ်ရှု/ဖြန့်ဝေခြင်း

Volunteer (လုပ်အားပေး)

FFM ၏အလုပ်အဖွဲ့များ (ဘာသာပြန်၊ စာတည်း၊ သင်တန်း၊ စကားဝိုင်း၊ publishing၊ communication) တွင် ယာယီလုပ်အားပေးအဖွဲ့ဝင်အဖြစ် ပါဝင်လုပ်ဆောင်ခြင်း

FFM အဖွဲ့ဝင်

အဖွဲ့လက်စွဲစာအုပ်တွင် ရှင်းလင်းဖော်ပြထားသော FFM လမ်းစဉ်ကိုအမှန်တကယ်ယုံကြည်ပြီး ရေရှည်လက်တွဲလုပ်ဆောင်လိုပါက အဖွဲ့ဝင်ဖြစ်ရန်လိုအပ်ချက်များ၊ စည်းကမ်းချက်များနှင့်အညီ FFM အဖွဲ့ဝင်အဖြစ်လျှောက်ထားနိုင်သည်။

ငွေကြေးဖြင့်ထောက်ပံ့ခြင်း

FFM အဖွဲ့၏လှုပ်ရှားမှုများအား ပိုမိုကျယ်ပြန့်စေရန်နှင့် ရေရှည်လုပ်ဆောင်နိုင်ရန် ငွေအားဖြင့်လည်း ထောက်ပံ့နိုင်ပါသည်။ ငွေကြေးစီးဆင်းမှုအား ပွင့်လင်းမြင်သာမှုရှိစေရန် အဖွဲ့၏ရရှိငွေ၊ သုံးစွဲငွေတို့အား နှစ်စဉ်စာရင်းချုပ်၍ ထုတ်ပြန်လျက်ရှိသည်။

Contact Us

Freedom Fighter အဖွဲ့သို့ ဆွေးနွေးလိုသည်များ၊ ပူးပေါင်းဆောင်ရွက်လိုသည်များ၊ အကြံပြုချက်များရှိပါက အောက်ပါ Form ကိုဖြည့်ပြီး ဆက်သွယ်နိုင်ပါသည်။