အကြမ်းမဖက်တော်လှန်ရေး လှုပ်ရှားမှုဆိုင်ရာ "သိလိုရာမေး"

Freedom Fighter Myanmar အဖွဲ့သည် အကြမ်းမဖက်လမ်းစဉ်နှင့် အာဏာရှင်စနစ်ကိုတော်လှန်နေခြင်းဖြစ်သည့်အားလျှော်စွာ အာဏာရှင်စနစ်ဆိုးကိုဆန့်ကျင်လိုသူတိုင်း တော်လှန်သူများဖြစ်လာစေရန်အတွက် အကြမ်းမဖက်အယူအဆများ၊ နည်းနာနိဿယများစွာကို လူထုအကြားဖြန့်ဝေပေးလျှက်ရှိပါသည်။ ယခုလည်းအကြမ်းမဖက်လှုပ်ရှားမှုဆိုင်ရာအယူအဆများ အားကောင်းလာစေရန်အလို့ငှာ ယင်းနှင့်ပတ်သတ်၍ ဝိဝါဒကွဲပြားနေမှုများ၊ ချိတုံချတုံဖြစ်နေမှုများ၊ အဖြေရှာလိုသည်များကို ကောင်းစွာသိရှိနားလည်စေရန်အတွက် သိလိုရာမေးကဏ္ဍကို စတင်ခဲ့ပါသည်။

စားဝတ်နေရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ အခြေခံလူတန်းစား ပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာဘယ်လိုပါဝင်ရမလဲ

Freedom Fighter ရဲ့ ဒီတစ်ပတ် သိလိုရာမေးကဏ္ဍမှာတော့ အမေးအဖြေ Conversation ပုံစံဖြင့် တင်ဆက်ထားပါတယ်။ စားဝတ်နေရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ အခြေခံလူတန်းစားတွေအနေနဲ့ တော်လှန်ရေးမှာဘယ်လိုပါဝင်ရမလဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ကိုသီဟနှင့် ကိုငြိမ်းချမ်းတို့ ဆွေးနွေးထားတာလေးတွေ ဖတ်ကြည့်ပါဦးနော်။ သီဟ။ ။ ဒီတစ်ခါမေးခွန်းကတော့ အခုအခါ အခြေခံလူတန်းစားတွေဟာ ကုန်ဈေးနှုန်းကြီးမှု၊ ဝင်ငွေနည်းပါးမှု၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် စားဝတ်နေရေးအဆင်ပြေဖို့ပဲ

Read More »

မြန်မာနိုင်ငံတွင် အကြမ်းမဖက်လှုပ်ရှားမှုကို ဘယ်ချိန်က စတင်လုပ်ဆောင်ခဲ့ကြတာလဲ၊ ဘယ်လောက်ထိအောင်မြင်ခဲ့ကြလဲ။

မြန်မာနိုင်ငံတွင် အကြမ်းမဖက်လှုပ်ရှားမှုကို ဘယ်ချိန်က စတင်လုပ်ဆောင်ခဲ့ကြတာလဲ၊ ဘယ်လောက်ထိအောင်မြင်ခဲ့ကြလဲ။ မြန်မာနိုင်ငံ၏ အတိတ်သမိုင်းကိုခြေရာကောက်ကြည့်လျှင် တော်လှန်ရေးဖြစ်ရပ်များနှင့် ဒင်းကြမ်းပြည့်နေကို တွေ့ရပါလိမ့်မည်။ တော်လှန်ရေးဟူသည် စနစ်ဆိုးတစ်ခုကို တွန်းလှန်ခြင်းဖြစ်ပေရာ မြန်မာနိုင်ငံကဲ့သို့ ပဒေသရာဇ်စနစ်၊ကိုလိုနီစနစ်၊စစ်အာဏာရှင်စနစ်များကြီးဆိုးခဲ့၊ကြီးဆိုးဆဲနိုင်ငံတစ်ခုတွင် တော်လှန်ရေးဖြစ်ရပ်များ အမြောက်အမြားပေါ်ထွက်ခဲ့ခြင်းမှာ ထူးတော့မထူးဆန်းပေ။ အမှန်တကယ်ထူးဆန်းသည်မှာကား ထိုကဲ့သို့ရက်စက်ယုတ်မာသောစနစ်ဆိုးများကို အကြမ်းမဖက်လှုပ်ရှားမှုများဖြင့် ဆန့်ကျင်တော်လှန်ကာ အုပ်ချုပ်သူများအပေါ် ထိထိရောက်ရောက်ဖိအားပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ပြည်သူလူထုသည်

Read More »

အကြမ်းမဖက်လှုပ်ရှားမှုကို အကြမ်းဖက်ဖိနှိပ်ရင် ငြိမ်ခံနေရမှာလား။

အကြမ်းမဖက်လှုပ်ရှားမှုကို အကြမ်းဖက်ဖိနှိပ်ရင် ငြိမ်ခံနေရမှာလား။ ဤနေရာတွင် အကြမ်းမဖက်လှုပ်ရှားမှုနှင့်ပတ်သတ်၍ လွဲမှားနေသော အယူအဆတစ်ခုကို ဦးစွာဖြေရှင်းလိုပါသည်။ ယင်းမှာ အကြမ်းမဖက်နည်းလမ်းဟူသည် ငြိမ်ခံသော၊ ပြုသမျှနုသော၊ ပျော့ညံ့သော နည်းလမ်းဖြစ်သည်ဆိုသော အယူအဆဖြစ်၏။ ထိုအယူအဆသည် အကြမ်းမဖက်နည်းလမ်းအပေါ် လွန်စွာကျဉ်းမြောင်းသောရှုထောင့်မှ မြစ်ဖျားခံလာခြင်းဖြစ်ပါသည်။ ထိုသို့ယူဆလိုက်ခြင်းမှာ သမိုင်းအဆက်ဆက် ရက်စက်ကြမ်းကြုတ်သောဖိနှိပ်သူများကို အကြမ်းမဖက်နည်းလမ်းဖြင့်တော်လှန်နိုင်ခဲ့သည့်လှုပ်ရှားမှုများအား မျက်ကွယ်ပြုရာ‌ရောက်သည့်အပြင် ထိုလှုပ်ရှားမှုများတွင်ပါဝင်ခဲ့သူများကိုလည်း

Read More »

ဂန္ဓီသာ ဗြိတိသျှအင်ပါယာမဟုတ်ဘဲ နာဇီဟစ်တလာနှင့် ရင်ဆိုင်ခဲ့ရပါက အကြမ်းမဖက်နည်းလမ်း အောင်မြင်ပါ့မလား

ဤမေးခွန်းသည် မြန်မာတွင်သာမက ကမ္ဘာတဝှမ်းတွင်ပါ အမေးများသော မေးခွန်းဖြစ်သည်။ ဤမေးခွန်းမေးရခြင်း၏နောက်ကွယ်တွင် အယူအဆနှစ်ခုရှိသည်။ တခုမှာ “ အိန္ဒိယနှင့်အခြားဒေသများအပေါ် ဗြိတိသျှအင်ပါယာမှ ညင်သာသောကိုလိုနီစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်ဖြစ်ပြီး နောက်တခုမှာ “ဟစ်တလာအစိုးရသည် အကြမ်းမဖက်လှုပ်ရှားမှုနှင့် ကြုံတွေ့ခဲ့ခြင်း သို့မဟုတ် အကြမ်းမဖက်လှုပ်ရှားမှုများကို လွယ်ကူစွာဖြေရှင်းနိုင်ခဲ့သည်” ဟူ၍ဖြစ်သည်။ အဆိုပါအယူအဆနှစ်ခုလုံးသည် ပြီးပြည့်စုံစွာ မှန်ကန်ခြင်းမရှိပေ။

Read More »

မေးခွန်းမေးရန်