ကျွန်ုပ်တို့ဆောင်းပါးများကိုဖတ်ရှုပြီး လွတ်လပ်စွာ ဝေဖန်၊ ဆွေးနွေး၊ အကြံပေးရန် ဖိတ်ခေါ်ပါသည်

ပေါ်ပြူလစ်ဇင်ထောင်ချောက်ထဲကနေ ရုန်းထွက်ဖို့လိုပြီ
လူကြိုက်များတိုင်း ပေါ်ပြူလစ်ဇင် မဟုတ်ပါ။ အမှန်တော့ လူကြိုက်များခြင်း (သို့) လူများစုထောက်ခံခြင်းဆိုသည်မှာ ပေါ်ပြူလစ်ဇင်၏ အပေါ်ယံအလွှာပါးတခုသာဖြစ်ပြီး ထိုအလွှာပါးအောက်တွင် ပေါ်ပြူလစ်ဇင်အား အဓိကမောင်းနှင်နေသည့် တခြားသောဝိသေသလက္ခဏာများစွာရှိနေပါသည်။ ယခု တော်လှန်ရေးကာလ နိုင်ငံရေးခေါင်းဆောင်များသည် လူအုပ်ကြီးအကြိုက်လိုက်၍ ပေါ်ပြူလစ်ဇင်လမ်းကြောင်းပေါ်သာ တစိုက်မက်မက် လျှောက်လှမ်းနေကြသည်ကို စိတ်မချမ်းသာစရာ တွေ့မြင်နေရသည်။

စစ်ကိုင်းငလျင်ကြီးမှ အချက်ပေးခေါင်းလောင်းထိုးသံ
တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးအောင်မြင်ဖို့က ပထမဦးစားပေးဖြစ်ပြီး သဘာဝဘေးအန္တရာယ်က နောက်တချိန်မှဖြေရှင်းရမယ့် ပြဿနာအဖြစ် ရှုမြင်နေတတ်ကြပါတယ်။ ဒါပေမယ့် အခုစစ်ကိုင်းငလျင်ကြီးကတော့ အဲဒီရှုမြင်မှုကို လှုပ်ခါချေဖျက်နေပါပြီ။ သဘာဝတရားကြီးက မြန်မာ့လူ့အဖွဲ့အစည်းတခုလုံးရဲ့ အနာဂတ်ရှင်သန်တည်ရှိမှုတစုံလုံးအပေါ် မေးခွန်းထုတ်နေပါပြီ။ ကျွန်တော်တို့အနေနဲ့ ဘယ်တော့မှ ပြီးမယ်ဆိုတာကို မမှန်းဆနိုင်တဲ့ ပြည်တွင်းစစ်ကို ရပ်တန့်ပြီး လူ့အဖွဲ့အစည်းရဲ့ နာကျင်မှုတွေကို ဖေးမကုစားဖို့၊ ပြန်လည်ထူထောင်ဖို့ ဒီငလျင်ကြီးက ခေါင်းလောင်းထိုးနေပါပြီ။

CDM လှုပ်ရှားမှုကို ပြန်လည်ပုံဖော်ဖို့ စဉ်းစားချိန်တန်ပြီ
မကြာသေးခင်က Frontier Myanmar မှာ “It’s time to re-think the CDM” ဆိုတဲ့ဆောင်းပါးကိုရေးဖြစ်ပါတယ်။ ထိုဆောင်းပါးကို မြန်မာလိုဖတ်ရှုရ ဆီလျော်အောင် ပြန်ဆိုရေးသားလိုက်ပါတယ်။

ဆဲဗင်းဂျူလိုင်အတွေးစများ
ယနေ့၊ 7 July သို့ ရောက်ခဲ့ပြန်ချေပြီ။ တချို့အမှတ်တရများသည် တွေးမိရုံနှင့်ပင် ကြေကွဲဝမ်းနည်းရသည်။ စက်ဆုတ်နာကျည်းရသည်။ ငိုကြွေးပူဆွေးရသည်။ သို့သော် မတွေးဘဲနေလို့လည်းမရ၊ သတိမရဘဲနေလို့လည်းမဖြစ်သည့် အတိတ်ဆိုးမျိုးမို့ အကြောင်းတရားတိုက်ဆိုင်တိုင်း ပြန်ပြောင်းအောက်မေ့ရစမြဲဖြစ်သည်။ 7 July သည်လည်း မြန်မာပြည်အတွက် ထိုအမင်္ဂလခံစားချက်များနှင့် ပြည့်နှက်နေသော အမှတ်တရနေ့ရက်တစ်ခုဖြစ်လေသည်။ မြန်မာနိုင်ငံသည် ၁၉၄၈

ဒေါ်စုလိုလားတဲ့ မွေးနေ့လက်ဆောင်
ဒီကနေ့ကတော့ ပြည်သူတရပ်လုံး ချစ်ခင်မြတ်နိုးကြတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ ဒေါ်စုရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် “ပန်းသပိတ်” ၊ “သီချင်းဆိုကမ်ပိန်း” လှုပ်ရှားမှုတွေလုပ်ဖို့ နှိုးဆော်နေကြပါတယ်။ ဆိုရှယ်မီဒီယာထက်မှာလည်း ဒေါ်စုကို တမ်းတလွမ်းဆွတ်မှုတွေကို ဝေဝေဆာဆာ တွေ့မြင်နေရပါတယ်။ ဒီလိုမျိုး ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားအားလုံးရဲ့ ချစ်ခြင်းတရားတွေက နေပြည်တော်အကျဉ်းထောင်မှာရောက်နေတဲ့

ပညာရေးအကျပ်အတည်း ၊ လူ့အဖွဲ့အစည်းကွဲအက်မှုနှင့် အမုန်းတရားများပျံ့နှံ့လာမှု
မကြာသေးခင်က ဆယ်တန်းအောင်စာရင်းထွက်သည့်အပေါ် အမြင်အမျိုးမျိုးနှင့်ပြောဆိုသုံးသပ်မှုများရှိနေကြသည်။ ပညာရေးသည် အခြေခံလူ့အခွင့်အရေးဖြစ်၍ ခွဲခြားဆက်ဆံခြင်းများ မပြုသင့်ဟု ထောက်ပြမှုများရှိနေစဉ်မှာပင် အခြားတစ်ဖက်၌ ကျောင်းပြန်တက်သူများကို ကဲ့ရဲ့ရှုတ်ချသည့် အမြင်များ၊ ဟားတိုက်လှောင်ပြောင်သည့် အပြုအမူများ၊ အမုန်းစကားအဖြစ် အငြင်းပွားဖွယ် အသုံးအနှုန်းများကို ဆိုရှယ်မီဒီယာထက်တွင် တွင်တွင်ကျယ်ကျယ်တွေ့မြင်နေရသည်။ ဤနေရာတွင် လူအများသည် ဆိုရှယ်မီဒီယာ၏ သဘောသဘာဝအတိုင်း တာဝန်ခံစရာမလိုဘဲ ”လွယ်လွယ်ပြော၊

ဗုဒ္ဓသာသနာကို စောင့်ရှောက်ဖို့ ဘယ်သူတွေမှာ တာဝန်ရှိသလဲ
ဗုဒ္ဓနေ့ ယနေ့ကား ကဆုန်လပြည့်နေ့ဖြစ်ပေသည်။ ကဆုန်လပြည့်နေ့ ဟူသည်မှာကား ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်ထူးမြတ်သောနေ့ တစ်နေ့ဖြစ်ပေသည်။ ဤနေ့သည် ” ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့” ဟူ၍ ဆိုရိုးပြုရသော နေ့တစ်နေ့ဖြစ်ပေသည်။ ဘုရားလောင်း သုမေဓာရှင်ရသေ့ ဒီပင်္ကရာမြတ်စွာဘုရားရှင် ထံမှောက်၌ နိယတဗျာဒိတ်

ဖွတ်မထွက်ခင် တောင်ပို့မှန်းသိကြဖို့
လမ်းမဘေး ခပ်အေးအေးလမ်းလျှောက်နေစဉ် နံပတ်ပြားအဝါနှင့်ကားတစ်စီး အနားမှကပ်၍ ဝေါခနဲအပြင်းမောင်နှင်သွား၏။ လမ်းတစ်ဖက်တွင် စာသင်ကျောင်းလည်းရှိသည်ဖြစ်ရာ အခုလိုအရမ်းကာရောမောင်းရပါ့မလားဆိုပြီး ဒေါသထွက်နေစဉ်မှာပင် မျက်နှာချင်းဆိုင်မှ နောက်ထပ်ကားတစ်စီး ဝေါခနဲမောင်းလာပြန်သည်။ ကားမှာနောက်ဆုံးပေါ် တန်ဖိုးကြီးဇိမ်ခံကားဖြစ်ပြီး ကားရှေ့မှန်တွင် “ …ကျောင်းတိုက်” ဟုရေးထားသည်။ ကားမောင်းနေသူမှာ အနီရောင်ဝတ်ရုံကိုရုံးထားပြီး မျက်မှန်အမည်းကိုတပ်ထားကာ ဦးပြည်းခေါင်းတုံးကိုပြောင်နေအောင်တုံးထားသူဖြစ်သည်။ ယနေ့ခေတ် မြန်မာနိုင်ငံရှိပြည်သူများသည်

ပဇီကြီးဖြစ်ရပ်မှ ဆင်ခြင်မိသမျှ
ပဇီကြီးကျေးရွာမှာ တွေ့ကြုံရတဲ့ သေကြေပျက်စီးမှု အနိဌာရုံတွေက အွန်လိုင်းပေါ်က ကြည့်ရှုသူပင် တုန်လှုပ်ခြောက်ခြားဖို့ ကောင်းပါတယ်။ မြေပြင်မှာတွေ့ကြုံခံစားရသူတွေအတွက် ဒီဖြစ်ရပ်ဆိုးက နှစ်ပေါင်းများစွာတိုင်အောင် ခြောက်လန့်နှိပ်စက်နေမှာဖြစ်ပါတယ်။ ပြန်ပြီးဆန်းစစ်ကြည့်ရင်တော့ ဒါမျိုး အဖြစ်ဆိုးတွေက ပဇီကြီးကျေးရွာမှာမှ မဟုတ်ဘဲ မြန်မာပြည်အနှံမှာရှိနေတဲ့ ပြည်သူတွေအနေနဲ့ မလုံခြုံမှုကို နေ့စဉ်နဲ့အမျှ ထိခိုက်ခံစားနေရတာဖြစ်ပါတယ်။ ဒီလိုမျိုး အရပ်သားထိခိုက်မှုတွေ၊ ကလေးသူငယ်ထိခိုက်မှုတွေ

ဖက်ဒရယ်ခရီးနီးသလား
(နွေဦးတော်လှန်ရေး နှစ်နှစ်ပြည့် အထိမ်းအမှတ် ဆောင်းပါးရှည်) ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် “ဖက်ဒရယ်ခရီး နီးသလား” ခေါင်းစဉ်ဖြင့် Freedom Fighter လေးမျက်နှာစကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်။ ထိုစကားဝိုင်းတွင် ဆွေးနွေးချက်များကို သုံးသပ်ဆင်ခြင်ကာ ပြီးခဲ့သည့် ဖက်ဒရယ်ခရီးအပေါ် ဆန်းစစ်ချက်နှင့် ရှေ့ဆက်လုပ်ဆောင်ရန် အကြုံပြုချက်တချို့ကို မျှဝေလိုပါသည်။ နွေဦးတော်လှန်ရေးတွင်

ငြိမ်းချမ်းရေးသစ်၏ နိဂုံး
ဗလာဒီမီယာပူတင်ကတော့ လူ့လောကကို ကျွန်တော်တို့ယခင်ကမြင်ခဲ့ဖူးတဲ့ စစ်ပွဲခေတ်တွေမှန်သမျှထက် ပိုဆိုးနိုင်တဲ့စစ်ပွဲခေတ်တစ်ခုဆီသို့ တွန်းပို့နေတယ်။ ၎င်းခေတ်က ကျွန်တော်တို့လူသားမျိုးနွယ် ဆက်လက်ရှင်သန်နိုင်ရေးကို ခြိမ်းခြောက်လာနိုင်တယ်။ ယူဗယ်နိုအာဟာရာရီ ရေးသည်။ Maxim Dondyuk လွန်ခဲ့သောနှစ်အနည်းငယ်က ၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု ဆိုတဲ့စာအုပ်ကို ကျွန်တော်ရေးခဲ့တယ်။ စာအုပ်ထဲမှာ စစ်ပွဲရဲ့အနာဂတ်နဲ့အတွက်ရည်ရွယ်ပြီး သင်ခန်းစာတစ်ခု
CRPH/NUG ခေါင်းဆောင်များ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ကိုင်စွဲထားသင့်လား
လေးမျက်နှာစကားဝိုင်းကောက်နုက်ချက် ယခုဆိုလျှင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခဲ့သည်မှာ နှစ်နှစ်ကျော်ပင် ရှိပြီဖြစ်သည်။ သို့သော် စစ်တပ်သည် ယင်းရွေးကောက်ပွဲတွင် အနိုင်ရပါတီ NLD က မဲလိမ်မဲခိုးခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် အာဏာသိမ်းခဲ့သောကြောင့် စစ်အာဏာရှင်တော်လှန်ရေးတစ်ရပ်ပေါ်ပေါက်လာရာ ရွေးကောက်ပွဲအနိုင်ရပါတီ ကိုယ်စားလှယ်များက စင်ပြိုင်အစိုးရတစ်ရပ်တည်ထောင်ခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေကိုဖျက်သိမ်းကြောင်း ကြေငြာခဲ့သည်။ ထို့ကြောင့် ၂၀၀၈